ကျောက်ကပ် ကျန်းမာစေမယ့် လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်း လုပ်တာက ကျန်းမာတဲ့ ဘဝနေထိုင်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒီလို လေ့ကျင့်ခန်း လုပ်တာက ကျောက်ကပ်ကိုလည်း ကျန်းမာစေပါတယ်။ ကျောက်ကပ်ကို ကျန်းမာစေဖို့ ဘယ်လိုမျိုး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်လဲဆိုတာကို ဆက်ပြောပြပေးမယ်နော်။
လေ့ကျင့်ခန်း လုပ်တာက ကျောက်ကပ် ကျန်းမာစေမလား?
လေ့ကျင့်ခန်း လုပ်တဲ့အခါ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေဆီကို သွေးကနေတဆင့် အေက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေကို ပိုမိုလွယ်ကူစွာ ရောက်ရှိသွားစေပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာ အားပိုရှိလာတာပေါ့။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို သန်မာစေသလို အရိုးတွေကိုလည်း သန်မာစေမှာပါ။
ဒီအခြေအနေက ကျောက်ကပ်ကြောင့် အရိုးအားနည်းတာမျိုး မဖြစ်စေသလို နှလုံးကျန်းမာစေတာကြာင့် သွေးတိုးတာ မဖြစ်တဲ့အတွက် ကျောက်ကပ် ထိခိုက်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ နောက်တစ်ချက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မှာ ဖြစ်တာကြောင့် ဆီးချိုကြောင့်လည်း ကျောက်ကပ် ထိခိုက်နိုင်ခြေ နည်းသွားမှာပါ။
လေဖြတ်နိုင်ခြေ ရုတ်တရက် နှလုံးရပ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်သလို စိတ်ဖိစီးမှုနည်းစေပြီး စိတ်ခံစားမှု ကောင်းစေမှာပါ။ ရင်သားကင်ဆာ နဲ့ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပြီး အဆစ်တွေနာတာကိုလည်း သက်သာစေမှာပါ။ သွေးတွင်းအဆီ ကျစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးသလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
ကျောက်ကပ် ကျန်းမာစေဖို့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးရမလဲ?
ကျောက်ကပ် ကျန်းမာစေဖို့
- လမ်းလျှောက်ပေးတာ
- ပြေးတာ
- ခပ်ရွရွ ပြေးတာ
- စက်ဘီးစီးတာ
- ကတာ
- လက်ဝှေ့ထိုးတာ
- အလေးမတာ
- ကြိုးခုန်တာ
- အကြောလျှော့တာ
- ရေကူးတာ
- ယောဂ လေ့ကျင့်တာ
- Zumba ကတာ
- အပင်လေးတွေ စိုက်တာမျိုး လုပ်ပေးလို့ ရပါတယ်။
ဒီလို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး ကျောက်ကပ်ဆီကို အောက်ဆီဂျင်အပါအဝင် လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝစွာ ရရှိစေမှာပါ။ နောက်တစ်ခုက လေ့ကျင့်ခန်း လုပ်တာက ဆီးကျောက်တည်တာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။
မွန်မွန်